မွန်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ ကုမ္ပဏီများသို့ကွင်းဆင်းစစ်ဆေး

Powered by Drupal

       မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၄.၁၀.၂၀၂၂ ရက်နေ့တွင် ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင် သက်တမ်း(၂) နှစ်နှင့် အောက်သက်တမ်းရှိသော မြန်မာကုမ္ပဏီများနှင့် လုပ်ငန်းအသစ်ထူထောင်သည့် ကုမ္ပဏီများအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

      ထိုသို့ စစ်ဆေးရာတွင် မော်လမြိုင်မြို့နယ်အတွင်းရှိ ကုမ္ပဏီ (၉) ခု၏ ကုမ္ပဏီတည်ရှိမှု၊ စီးပွားရေးလုပ်ငန်းအမျိုးအစားများခိုင်မာမှု ရှိ/မရှိ၊ အမှန်တကယ်လုပ်ငန်းဆောင်ရွက်မှု ရှိ/မရှိ၊ ကုမ္ပဏီအသစ်များမှာ ကုမ္ပဏီတည်ထောင်ထားမှုနှင့် ပတ်သက်၍ ကုမ္ပဏီတည်ရှိမှု၊ ဒါရိုက်တာ အဖွဲ့ဝင်များ နေရပ်လိပ်စာတွင် အမှန်တကယ်နေထိုင်မှု ရှိ/မရှိသည့်အချက်များအား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)