စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း

Powered by Drupal

     ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ဂွမြို့နယ်တာဝန်ခံ ဒေါ်မာမာလေး(ဒု-ဦးစီးမှူး)နှင့်  ဝန်ထမ်းများသည် (၄-၁၀-၂၀၂၂)ရက်နေ့ နေ့လယ် (၁၁:၀၀)နာရီအချိန်တွင် ဂွမြို့ကင်းရုံ(၂) အခြေခံ ပညာမူလတန်းကျောင်းသို့ ဂွမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ အများပြည်သူ ဘေးအန္တရာယ်မဖြစ်ပေါ်စေရေး၊ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် ဂွမြို့ ကင်းရုံ(၂) အခြေခံပညာမူလတန်းကျောင်းမှ ကေျာင်းအုပ် ဆရာကြီးမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ‌‌‌ဒေါ်ရွှေရည်ဝင်းကျော်မှ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအကြောင်းနှင့် ပတ်သက်၍ ကျောင်းသား/သူများအား နားလည်သဘောပေါက်အောင် ရှင်းလင်းပြောကြားခြင်း၊ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်မာမာလေး(ဒု-ဦးစီးမှူး)မှ စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများ စားသုံးသူကာကွယ်ရေးလုပ်ငန်းများအကြောင်း၊ အစားအသောက်နှင့်ကုန်စည်များကို ဘေးအန္တရာယ်ကင်းရှင်းစွာ ရွေးချယ်ဝယ်ယူသုံးစွဲတက်စေရေးနှင့် ကုန်ပစ္စည်းများပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိမှုအား ပြည့်စုံစွာပါဝင်မှု ရှိ/မရှိ သေချာစွာလေ့လာဖတ်ရူပြီးမှ ဝယ်ယူသုံးစွဲသင့်ကြောင်း အသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/သူများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိသော မုန့်ပဲသရေစာများကို ဝေငှဖြန့်‌ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)