ဌာနဆိုင်ရာများပူးပေါင်း၍ ဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တာဝန်ခံသည်  (၄-၁၀-၂၀၂၂)ရက်နေ့ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့် ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြု လုပ်ခဲ့ပါသည်။

      ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလှိုင်မိုးဟိန်းမှ ကျောင်း သား၊ကျောင်းသူများအား ကိုယ်လက်လှုပ်ရှားအားကစားအလေ့အကျင့်ကြောင့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည့်အပြင် အသိဉာဏ်ပညာဖွံဖြိုးတိုးတက်ရေးအတွက်လည်း အထောက် အကူဖြစ်စေကြောင်း စသည့်ဖြင့် “အားကစားနှင့်လူငယ်ရေးရာ” ခေါင်းစဉ်ကို လည်းကောင်း ဟောပြောဆွေးနွေးကာ ကျောင်းတွင်အားကစားများဆောင်ရွက်နိုင်ရေးအတွက် အားကစားပစ္စည်း များ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နေခြည်ဦးမှ လူမှု့ဘဝမြင့်မားဖို့အတွက် အခြေခံအုတ်မြစ် ဖြစ်တဲ့ စာအုပ်စာပေကို ဖတ်ရှုလေ့လာမှသာ ပညာပြည့်ဝနှလုံးလှသူများ ဖြစ်စေနိုင်မည်ဖြစ်ကြောင်း စသည်ဖြင့် “လူငယ်နှင့်စာပေ” ခေါင်းစဉ်ကိုလည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစီး အရာရှိ ဒေါ်ခင်သန်းသန်းမှ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခေါင်းစဉ်ဖြင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်ပတ်သက်၍ လိုက်နာရမည့်အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ ပါသည်။ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေမှ စားသုံးကာ ကွယ်ရေးဥပဒေပါ စားသုံးသူနှင့်စီးပွားလုပ်ငန်းရှင်၏ အဓိပ္ပယ်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ အဓိပ္ပယ်များ၊နစ်နာဆုံးရှုံးမှု၊ ကုန်အညွှန်းအမှတ်အသားနှင့် ဘေးအန္တရာယ်ရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုတို့၏ အဓိပ္ပယ်များ ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများသုံးစွဲခြင်းကြောင့် အမှန်တကယ်နစ်နာဆုံးရှုံးမှုများရှိလာပါက ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများ၊နေရာများ၊ ဖုန်းနံပါတ်များကိုလည်းကောင်း ၊ကျောင်းသား/ကျောင်းသူများအနေဖြင့်လည်း အစားအသောက် များကို သေချာစွာ ဂရုစိုက်ရွေးချယ်ဝယ်ယူသုံးစွဲကြရန်နှင့် ယနေ့ဟောပြောဆွေးနွေးပွဲမှ မှတ်သားသိရှိခဲ့သည်များကို မိမိ၏မိသားစုဝင်များ၊ အနီးပတ်ဝန်းကျင်နှင့် မိတ်ဆွေးအပေါင်းအသင်းများအား ပြန်လည်ဝေငှပြောပြပေးစေလိုပါကြောင်း စသည်ဖြင့် အကျယ်တဝန့်ဟောပြောဆွေးနွေးကာ လက် ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။

      အဆိုပါဟောပြောဆွေးနွေးပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ဆရာမများ၊ကျောင်းသား/ ကျောင်းသူများ၊ဌာနဆိုင်ရာ တာဝန်ရှိသူများ စုစုပေါင်း(၂၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရပါသည်။

DOCA(မန္တလေး)