တောင်ငူခရိုင်အတွင်း အခြေခံလူတန်းစားများသို့ သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချ

Powered by Drupal

       ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးသည် တောင်ငူခရိုင်အတွင်းမှ ဆီကုန်သည်များနှင့်ညှိနှိုင်း၍ အခြေခံလူတန်းစားများသို့ စားသုံးဆီများအား သက်သာသောနှုန်းထားဖြင့် ရောင်းချနိုင်ရေးကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဇွန်လမှ စက်တင်ဘာလအထိ စားသုံးဆီပိဿာ ၄၄၉၅၅၀ ပိဿာ ရောင်းချနိုင်ခဲ့ပါသည်။

     စားအုန်းဆီတင်သွင်းခွင့်ရသည့် ကုမ္ပဏီများမှ စားအုန်းဆီများကို ဖြန့်ဖြူးရောင်းချခဲ့ရာ ဝယ်ယူရရှိသည့် လက်ကားကုမ္ပဏီများအနေဖြင့် စားအုန်းဆီများကို ရန်ကုန်အထိုင်ဈေး ရည်ညွှန်းလက်ကားဈေးအပေါ် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များထပ်ပေါင်း၍ ၂ ရာခိုင်နှုန်း အမြတ်ထက် မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးလျက်ရှိရာ First Top Co.,Ltd, Grand Unity Co.,Ltd, Six Winner Brother Co.,Ltd, Ayeyer Hinthar Co.,Ltd နှင့် Lin Mg Mt Co.,Ltd တို့က တောင်ငူခရိုင်အတွင်းရှိ အခြေခံလူတန်းစားများသို့ ရောင်းချဖြန့်ဖြူးပေးလျှက်ရှိပါသည်။

        ထို့အတူ Diamond Dragon Co.,Ltd သည် Yarthetpan အမှတ်တံဆိပ်ဖြင့် အဆင့်မြင့် စားအုန်းဆီ (၅၀ ကျပ်သားဘူး)များကိုလည်း ရောင်းချပေးလျက်ရှိပါသည်။ တောင်ငူခရိုင်ဦးစီးမှူးရုံးအနေဖြင့် အခြေခံလူတန်းစားများသို့ သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချနိုင်ရေးအတွက် ဆီကုန်သည်များနှင့် ညှိနှိုင်းဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)