ဓနုဖြူမြို့နယ် မုန့်မျိုးစုံလုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် SMEလုပ်ငန်းဖွံ့ဖြိုးရေးကွင်းဆင်း

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် (၅.၁၀.၂၀၂၂)နေ့တွင် (၁၀:၃၀)နာရီအချိန်တွင် ဓနုဖြူမြို့ အမှတ်-၁၇ရပ်ကွက် (၂)လမ်းရှိ ရတနာ ကိတ်မုန့်လုပ်ငန်းသို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် SMEလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် ဓနုဖြူမြို့နယ်ဦးစီးမှူးမှ ရတနာကိတ်မုန့်လုပ်ငန်း ထုတ်လုပ်မှု လုပ်ငန်းအဆင်ဆင့်အား ကြည့်ရှုခဲ့ပြီး မုန့်လုပ်ငန်းပိုင်ရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း (၁၀)လုပ်ငန်းရှင်တာဝန်များကို လေးစားလိုက်နာရန်၊ စားသုံးသူကာကွယ်ရေး အခန်း(၁၈)အရ မိမိထုတ်လုပ်သောကုန်စည်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါ ရှိရန် အချက်အလက်များကို ထုတ်လုပ်ဖြန့်ဖြူးမည့် ကုန်စည်တွင်တိကျစွာ ထည့်သွင်းဖော်ပြ ရန်နှင့် SME လုပ်ငန်းဖွံ့ဖြိုးစေရေး အတွက် အသိပညာပေးဆွေးနွေး ရှင်းလင်းခဲ့ပါသည်။ စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်လုပ်ငန်းလိုင်စင်များ လုပ်ကိုင်ဆောင်ရွက်ရန် ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)