မအူပင်မြို့နယ် စတိုးနှင့် ကုန်မျိုးစုံရောင်းချနေသော ဆိုင်များအား ဈေးကွက်စောင့်ကြည်စစ်ဆေး

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၁၁.၁၀.၂၀၂၂)နေ့တွင် မအူပင်မြို့အမှတ်(၄)ရပ်ကွက် ကမ်းနားလမ်းပေါ်ရှိ ဦးစစ်ငွေစတိုးဆိုင်တွင် ရောင်းချသောကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

          အဆိုပါ ဦးစစ်ငွေစတိုးဆိုင်တွင် ရောင်းချနေသောကုန်စည်များ၌ သတ်တမ်းလွန်ကုန်ပစ္စည်းများ၊ ဈေးကွက်ရောက် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်မှု ရှိ/မရှိနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး၊ လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးရခြင်း ဖြစ်ကြောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်များ ဝယ်ယူအသုံးပြုရာတွင် ယင်းကုန်စည်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များ ပြည့်စုံ စွာရရှိနိုင်ပြီး စားသုံးသူလိုအပ်ချက်နှင့်ကိုက်ညီသည့် ကုန်စည်များအား ရွေးချယ်ဝယ်ယူနိုင် ရေးအတွက် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါဝင်ရမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များမှလည်း လုပ်ငန်းလိုအပ်ချက်များရှိပါက သက်ဆိုင်ရာအစိုးရဌာနနှင့် ပူးပေါင်း၍ လုပ်ငန်းများ အဆင်ပြေချောမွေ့ ရောင်းချလည်ပတ်နိုင်ရေး ချိတ်ဆက်ဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးပြီး ဦးစစ်ငွေစတိုးဆိုင်တွင် ရောင်းချနေသော ကုန်စည်များအား စစ်ဆေးခဲ့ကြောင်းသတင်းရရှိ ပါသည်။

DOCA(ဧရာဝတီ)