ဆေးဝါးမှတ်ပုံတင်မရှိသော Parbisure Injection ဆေးဝါးအား ဈေးကွက်တွင်  ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

         ရှမ်းပြည်နယ်(ကျိုင်းတုံ)၊စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် ၂၀၂၂ခုနှစ် အောက်တိုဘာ (၁၁)ရက်နေ့ နေ့လယ် (၁၃:၀၀) အချိန်တွင် ခရိုင်အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့အမှတ် (၁/၂) ရပ်ကွက်အတွင်းရှိ ဆေးဝါးပစ္စည်း အရောင်းဆိုင်(၅)ဆိုင်အား ဆေးဝါးမှတ်ပုံတင်မရှိသော Medisure Laborations Pakistan (Pvt) Limited, Pakistan ထုတ် Parbisure Injection ဆေးဝါးအား ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်း စစ်ဆေး ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် Parbisure Injection အမှတ် တံဆိပ်ဆေးဝါးများကို အဆိုပါ ဆေးဝါးပစ္စည်း အရောင်းဆိုင်(၅)ဆိုင်တွင် ရောင်းချခြင်း မရှိပါကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

          စစ်ဆေးရေးမှူးနှင့် တာဝန်ရှိ သူများသည် ဆေးဆိုင်ပိုင်ရှင်များအား ဆေးဝါးမှတ်ပုံတင် မရှိသော Medisure Laborations Pakistan (Pvt) Limited, Pakistan ထုတ် Parbisure Injection ဆေးဝါးအား ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန်၊ ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်/တင်သွင်း သည့်ကုမ္ပဏီ ဆေးဝါးမှတ်ပုံတင် အမှတ်၊ Import Resgistration No.(IR)များ ဖော်ပြထားသော ဆေးနှင့်ဆေးပစ္စည်းများကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်”များကို သိရှိလိုက်နာဆောင်ရွက်စေရန် ကွင်းဆင်းစစ်ဆေး အသိပညာပေးဆွေးနွေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)