တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့ပေါ်ရှိ ဂဏန်းမဲဈေးကွက်

Powered by Drupal

      တနင်္သာရီတိုင်းဒေသကြီးသည် ပင်လယ်ကမ်းရိုးတန်းများတည်ရှိပြီး ပင်လယ်လုပ်ငန်းများ ဖြင့်အများဆုံး သက်မွေးဝမ်းကျောင်းပြုလုပ်သည့် တိုင်းဒေသကြီးလည်းဖြစ်ပါသည်။ ပင်လယ် ပြင်သို့ ငါးဖမ်းလှေအကြီး/အငယ်များဖြင့် ငါး/ပုဇွန်/ဂဏာန်းများဖမ်းယူပြီး ဒေသတွင်း ရောင်းဝယ် စားသုံးကြသလို ပြည်ပသို့လည်း  တင်ပို့ရောင်းချလျက်ရှိပါသည်။ အဆိုပါ ငါးဖမ်းလှေများနှင့် ဒေသတွင်း တစ်နိုင်တစ်ပိုင် ဂဏာန်းလှေများမှ ဖမ်းဆီးရရှိသော ဂဏာန်းများအနက် ဂဏာန်းမဲ  စျေးနှုန်းများမှာ အကြီးတစ်ပိဿာလျှင် (၀၀၀)ကျပ်နှင့် ဂဏာန်းမဲအလတ်တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ သဲဂဏာန်းတစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း မြိတ်မြို့ ပေါ်ရှိ၊ မြို့မစျေးကြီးများနှင့် အခြားသော ဈေးရှိ ငါး/ပုဇွန် အရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)