ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသည့် ခံသီးဈေးနှုန်း

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

     ယခုအခါ ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ခံသီးပင်များကို စိုက်ပျိုးကြကြောင်း၊ ခံသီးများကို ကန့်ဘလူမြို့မဈေးတွင်ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ခံသီး(၁)ပြည်လျှင် (၃၈၀၀)ကျပ်၊ ခံသီး(၁)ဘူးလျှင်(၅၀၀) ကျပ်ဖြင့်ရောင်းချကြောင်း၊ ခံသီးများကို သုပ်စားခြင်း၊ ချက်စားခြင်းများပြုလုပ်၍ စားသုံးကြ ကြောင်း၊ယခုအခါ အိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း၊ အချဉ်ပေါင်းအရောင်းဆိုင်များမှ အများဆုံးဝယ်ယူကြသဖြင့် ခံသီးများ အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိကုန်စိမ်း ရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)