
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ကန့်လန့်ဖူး၊ မုံညှင်းရွက်၊ ခရမ်းကဆော့သီး၊ ကြက်ဟင်းခါးသီး၊ ခရမ်းသီးများ ရောင်းချလျက်ရှိရာ ယခုအခါ ပဲစောင်းလျားပင်များကို နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာ ကွက်ခြံစည်းရိုးများတွင်လည်းကောင်း စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်းသိရသည်။ ပဲစောင်းလျား သီးများကို သုပ်စား၊ချက်စား၊ ငပိရည်နှင့်တွဲဖက်၍လည်း အမျိုးမျိုးပြုလုပ်၍ စားသုံးကြကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ပဲစောင်းလျား သီးများကို ကန့်ဘလူမြို့ပေါ်၊နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှဝယ်ယူ၍ ရောင်းချ လျက်ရှိကြောင်း၊ ပဲစောင်းလျားသီး(၅)တောင့်ပါ (၁)စည်းလျှင် (၅၀၀)ကျပ်၊ (၃)စည်းလျှင် (၁၃၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
