ကျိုက်ထိုမြို့နယ်တွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းအသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပပြုလုပ်

Powered by Drupal

          မွန်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်ဦးစီးမှူးသည် ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ ၁၃.၁၀.၂၀၂၂ ရက်နေ့၊ မွန်းလွဲ (၃) နာရီခွဲက စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

       ဆွေးနွေးပွဲတွင် ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က အသိပညာပေး ဆွေးနွေးပွဲကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကျိုက်ထိုခရိုင်ဦးစီးမှူး ဦးအောင်ကျော်မင်းက စားသုံးသူကာကွယ်ရေးဥပဒေ အကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေမှာပါဝင်တဲ့စကားရပ်များ၏အဓိပ္ပါယ်၊ စားသုံးသူ ကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ဖော်ပြခံရမည့် အာမခံချက်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူဘက်မှတောင်းဆိုနိုင်သည့် အခွင့်အရေးစသည့် အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။

DOCA(မွန်)