ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြုဆွေးနွေးပွဲ (Thursday Talk) ကျင်းပပြုလုပ်

Powered by Drupal

      မွန်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြုဆွေးနွေးပွဲ (Thursday Talk)ကို ၁၃.၁၀.၂၀၂၂ ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်း (၂၇) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

      ပထမဦးစွာ ပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် မိမိဘာသာရပ်များကို ကျွမ်းကျင်ရန်လိုအပ်ကြောင်း၊ Commerce Journal နှင့် website များသို့ သတင်းများ ရေးသားပေးပို့ကြရန်နှင့် ဝန်ထမ်းတိုင်း website ကို ဝင်ရောက်ကြည့်ရှုကြရန်၊ တက္ကသိုလ်၊ ကောလိပ်၊ အိမ်တွင်းမှုကျောင်းများတွင် အသိပညာပေးဟောပြောပွဲပြုလုပ်နိုင်ရေး ကြိုးပမ်းသွားရန်၊ ဝန်ထမ်းတိုင်း ကွန်ပျူတာ၊ အင်္ဂလိပ်စာများကို လေ့လာထားကြရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

      ထို့နောက် အလှည့်ကျဝန်ထမ်းများက မိမိတို့ဘာသာရပ်အလိုက် ဆွေးနွေးခြင်းအား တက်ရောက်လာသူများမှ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု ဆွေးနွေးပွဲ (Thursday Talk) အား (၁၆:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)