စားသုံးဆီထုတ်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

        (၁၄-၁၀-၂၀၂၂)နေ့ နံနက် (၁၁:၃၀)နာရီခန့်အချိန်တွင် ရခိုင်ပြည်နယ်  စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံးသို့ စစ်တွေမြို့နယ်ရှိ ဒေသတွင်း စားသုံးဆီထုတ်လုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင်တစ်ဦးမှ ကုန်ပစ္စည်းများထုတ်လုပ်ရာတွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များအား လာရောက်တွေ့ဆုံဆွေးနွေးမေးမြန်းခဲ့ပါသည်။

    လုပ်ငန်းရှင်သည် ‌စစ်တွေမြို့နယ်တွင်း “ရခိုင်သားချေ”အမှတ်တံဆိပ်ဖြင့် စားသုံးဆီ(၃) မျိုး ပဲဆီ၊ နေကြာဆီ၊ မုန်ညင်းဆီများအား ကြိတ်ခွဲထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်သူတစ်ဦးဖြစ်ရာ ထုတ်လုပ်သည့်ကုန်ပစ္စည်းပေါ်တွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားမှုနှင့်စပ်လျဉ်း၍ ပြည်နယ်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲတာဝန်ခံမှ စားသုံးသူရေးရာဦးစီးဌာန၏ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)ပါ ပြဌာန်းချက်များ၊ မြန်မာနိုင်ငံ စားသုံးသူရေးရာ ကော်မရှင်၏ ညွှန်ကြားချက် (၂/၂၀၁၉)အရ ကုန်ပစ္စည်းအမျိုးအစားအလိုက် မြန်မာဘာသာဖြင့် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများအား ရှင်းလင်းပြောကြားခြင်း၊ စားသုံးဆီထုတ်လုပ်ရာတွင် လုပ်ငန်းရှင်များလိုက်နာ ဆောင်ရွက်ရမည့် ၁/၂၀၂၁ ညွှန်ကြားချက်ပါ စားသုံးဆီများအား ပင်ရင်းပါဝင်ပစ္စည်းကိုအခြေခံသော ကုန်စည်၏အမျိုးအမည်ကို မြန်မာဘာသာဖြင့် ဖော်ပြရန်နှင့် အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရန်အချက်များအား အသိပေးရှင်းလင်းပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ရခိုင်)