ပုသိမ်ခရိုင်အတွင်း ဈေးကွက်စောင့်ကြည့် အသိပညာပေးခြင်း

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူများအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော ကုန်စည်များဈေးကွက်အတွင်းမှပပျောက်သွားစေရန်ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ကြိုးစား၍ ဆောင်ရွက်လျက်ရှိပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများပြုလုပ်ခဲ့ရာ အောက်တိုဘာလ ၁၂ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ ကံ့ကော်သောက်ရေသန့် စက်ရုံသို့ ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိ စေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍  စားသုံးသူကာကွယ် ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များနှင့်ပတ်သက်၍ ကုန်စည်များပေါ်တွင်  မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားမှု အခြေအနေတို့ကို စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)