ရာသီမရွေး စိုက်ပျိုးရောင်းချလျက်ရှိသည့် ကောက်ရိုးမှိုဈေးနှုန်း

Powered by Drupal

        ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာတွင် မိသားစုအပိုဝင်ငွေရရှိရန်အတွက် မိမိတို့ပိုင် မြေကွက်အလွတ်များတွင် တစ်ပိုင်တစ်နိုင်အနေဖြင့်  နှစ်စဉ် ကောက်ရိုးမှိုပျိုးရောင်းသည့်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိရာ ကောက်ရိုးမှိုသည် ရာသီမရွေး စိုက်ပျိုးရောင်းချကြောင်း သိရသည်။

           ၂၀၂၅ ခုနှစ် အောက်တိုဘာလ တတိယပတ် ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ကောက်ရိုးမှို ဈေးနှုန်းအနေဖြင့် ကောက်ရိုးမှို တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၆၀၀၀)ကျပ်၊ (၂၅)ကျပ်သား(၃၀၀၀)ကျပ် နှင့်(၁၀)ကျပ်သားလျှင်(၁၂၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ကောက်ရိုးမှိုဈေးအနည်းငယ်ကျဆင်းပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကောက်ရိုးမှိုကို စားသောက်ဆိုင်များ ထမင်းဆိုင်များမှ ဝယ်ယူသည့်အတွက် ဈေးကောင်းသော်လည်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)