ကျွန်းလှမြို့တွင် ရောင်းချနေသော ခဝဲသီး နှင့် ပဲစောင်းလျှားသီး ဈေးနှုန်း

Powered by Drupal

          ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်လျက်ရှိရာ စားဖိုဆောင်သီးနှံ ဖြစ်သည့် ပဲတောင့်ရှည်သီး၊ ခဝဲသီး၊ ပဲစောင်းလျှားသီး၊ ချဉ်ပေါင်ရွက်၊ ရုံးပတီသီး၊ ခရမ်းသီးနှင့် ကန်ဇွန်းရွက်များကို စိုက်ပျိုးလျက်ရှိသည့်အနက် ခဝဲသီးနှင့် ပဲစောင်းလျှား သီးတို့ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြကြောင်း သိရသည်။

         ခဝဲသီးများသည် ကျွန်းလှမြို့ပေါ်ရပ်ကွက်နှင့် ကျွန်းလှမြို့နယ် ရှမ်းစုကျေးရွာ၊ မန်ကျည်းအင်းကျေးရွာနှင့် အခြားသောကျေးရွာများမှ ထွက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယ အပတ်အတွင်း ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသည့် ခဝဲသီးဈေးနှုန်းများမှာ ခဝဲသီး လက်လီ() ပိဿာလျှင်(၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၅၀၀)ကျပ် နှင့် ပဲစောင်းလျှားသီး()တောင့်ပါ ()စီးလျှင် (၅၀၀)ကျပ်  ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်း ရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)