ပုသိမ်မြို့မဈေးအတွင်း ရောင်းချနေသည့် စားသုံးဆီဘူးများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

        ပုသိမ်မြို့နယ်၊ မြို့မဈေးအတွင်း၌ ရောင်းချနေသော စားသုံးဆီများအား စားသုံးသူများ ဘေးဥပါဒ်အန္တရာယ်မဖြစ်စေရေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်ပြီး စည်ပင်သာယာရေးအဖွဲ့နှင့်အတူ အောက်တိုဘာလ(၁၃)ရက်၊ နံနက် ၁၀ နာရီတွင် ဈေးအတွင်းရှိ ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

     အဆိုပါဈေးအတွင်းရှိအရောင်းဆိုင်များတွင် Goody အမှတ်တံဆိပ် စားသုံးဆီဘူးများအား ကုန်အညွှန်းအမှတ်အသား ကိုက်ညီမှုရှိ၊မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ ကုန်အညွှန်းအမှတ်အသား ကိုက်ညီမှုရှိကြောင်းတွေ့ရှိရသဖြင့် လုပ်ငန်းရှင်များအား ပြည့်စုံမှု မရှိသောကုန်စည်များ၊ မြန်မာဘာသာ ဖြင့်ဖော်ပြထားခြင်းမရှိသောကုန်စည်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုမရှိသဖြင့် မရောင်းချရန် အသိပညာပေးဆောင်ရွက်ခဲ့ပြီး ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါအတိုင်း သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်နိုင်ရန် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)