
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ စားဖို ဆောင်သီးနှံ ဖြစ်သည့် ပဲတောင့်ရှည်သီး၊ ချဉ်ပေါင်ရွက်၊ ကင်ပွန်းချဉ်ပင်၊ ရုံးပတီသီး၊ ခရမ်းသီးနှင့် ကန်ဇွန်းရွက်များကို စိုက်ပျိုးလျက်ရှိသည့်အနက် ကင်ပွန်းချဉ်ရွက်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုး လျက်ရှိပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်းသိရသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဖြစ်ပေါ် နေသော ကင်ပွန်းချဉ်ရွက် ဈေးနှုန်းများမှာ ကင်ပွန်းချဉ်ရွက် တစ်စီးလျှင်(၂၀၀)ကျပ်၊ ငွေကျပ်(၅၀၀)ဖိုး လျှင်(၃)စီးလျှင် နှင့် (၁၀)စီးတစ်ထုံးလျှင်(၁၇၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း ချဉ်ပေါင်ရွက် ဈေးနှုန်း အနေဖြင့် ချဉ်ပေါင်ရွက်(၁)ပိဿာလျှင်(၁၂၀၀)ကျပ်၊ ချဉ်ပေါင်ရွက် (၅၀)ကျပ်သားလျှင်(၆၀၀) ကျပ် နှင့် (၂၅)သားလျှင်(၃၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချသောကြောင့် ယခင် အပတ်ထက် ကင်ပွန်းချဉ်ရွက် ဈေးနှုန်း တစ်စီးလျှင်(၅၀)ကျပ် ဈေးနှုန်းလျော့ကျပြီး အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)
