
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည်သီး၊ ချဉ်ပေါင်ရွက်၊ ဆူးပုတ်ရွက်၊ ရုံးပတီသီး၊ ခရမ်းသီး နှင့် ကန်ဇွန်းရွက်၊ ဆလတ်ရွက်များကို စိုက်ပျိုးလျက်ရှိပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ယခု အောက်တိုဘာလ တတိယပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဖြစ်ပေါ်နေသော ကန်ဇွန်းရွက် ဈေးနှုန်းများမှာ ကန်ဇွန်းရွက် လက်လီဈေး တစ်စီးလျှင်(၁၀၀)ကျပ်၊ ငွေကျပ်(၂၀၀)ဖိုးလျှင်(၃)စီး တို့ဖြင့်လည်းကောင်း၊ ဆလပ်ရွက် ဈေးနှုန်းမှာ ဆလပ်ရွကတစ်ပင်လျှင် (၅၀၀)ကျပ်၊ ငွေကျပ်(၂၀၀၀)ဖိုးလျှင်(၅)ပင် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း ကန်ဇွန်းရွက် နှင့် ဆလပ်ရွက်ကို ထမင်းဆိုင်များ၊ စားဖွယ်စုံဆိုင်များ နှင့် အထောင်းဆိုင်များမှ အသုံးများသည့်အတွက် အရောင်းအဝယ်ကောင်းလျက်ရှိကြောင်းသိရသည်။
DOCA( စစ်ကိုင်း)
