ပုသိမ်ခရိုင်တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ၊ မရှိဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

        ပုသိမ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနကဦးဆောင်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းပြီး အောက်တိုဘာလ ၁၃ ရက် နံနက် ၁၀ နာရီတွင် ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့သစ်ရပ်ကွက်ရှိ မုန့်မျိုးစုံ အရောင်းဆိုင်များအား ကုန်အညွှန်း အမှတ်အသားပြည့်စုံမှုရှိ၊ မရှိ ကွင်းဆင်းစစ် ဆေးခဲ့ပါသည်။

      အဆိုပါဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များနှင့်ပတ်သက်၍ ကုန်စည်များပေါ်တွင်  မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှု အခြေအနေတို့ကို သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)