
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်တွင်၊ အပိုဝင်ငွေရရှိရန် အတွက် စိုက်ပျိုးရေး နှင့် မွေးမြူရေး ကို လုပ်ကိုင်ကြရာမှ သစ်ပင်ပန်းပင်အမျိုးမျိုးကို အပင်ပေါက်ရော အပွင့် ပါ ရောင်းချရန်အတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာကြသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ် ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်တွင် ရောင်းချလျက်ရှိ သော ယုဇနပန်းပျိုးပင်၊ ဆိပ်ဖလူးပန်းပျိုးပင် ဈေးနှုန်းအနေဖြင့် ယုဇနပန်းပျိုးပင် နှင့် ဆိပ်ဖလူးပန်းပျိုးပင် တစ်ပင်လျှင်(၅၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ပန်းဥယာဉ်စိုက်ပျိုး ရောင်းချသူထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)
