စစ်ကိုင်းခရိုင်အနေဖြင့် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် ပထမ(၆)လအတွင်း ဌာနလုပ်ငန်း ဆောင်ရွက်ချက်များ  လျာထားချက်ထက်ကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်အနေဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများဖြစ်သည့် စားသုံးသူကာကွယ်ရေး ဥပဒေဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဟောပြော ခြင်း၊  အသေးစား၊ အငယ်စား၊ အလတ်စား(MSME) စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များထံသို့ ကွင်းဆင်းတွေ့ဆုံပြီး စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၈) ပုဒ်မ(၄၁)အရ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာ ထင်ရှားစွာဖော်ပြမည့် အချက်များကို အသိပညာပေးခြင်း လုပ်ငန်းဆောင်ရွက်မှုများနှင့် အတူ ကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းများဖြစ်သည့် ကုန်ကြမ်းရရှိမှု၊ ကုန်ချောထွက်ရှိမှုနှင့် ဈေးကွက်/ ဈေးနှုန်း အခြေအနေများကို ဆွေးနွေးမေးမြန်း မှတ်တမ်းတင်ခဲ့သည်။

     စစ်ကိုင်းခရိုင်အနေဖြင့် ခရိုင်ဦးစီးမှူးရုံးအပါအဝင် စစ်ကိုင်း၊ မြင်းမူနှင့် မြောင် မြို့နယ်တို့အား စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်းကို တစ်လ တစ်ကြိမ်စီ စုစုပေါင်း လေးကြိမ် ဆောင်ရွက်ရန် လျာထားသတ်မှတ် ရည်မှန်းထားရှိပါသည်။  စစ်ကိုင်းခရိုင်အနေဖြင့် ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် Mini Budget တွင် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်းကို စုစုပေါင်း(၃၅)ကြိမ်၊ ရာခိုင်နှုန်းအားဖြင့် ၁၄၆ % ဆောင်ရွက်နိုင်ခဲ့ပြီး၊ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် ပထမ(၆)အတွင်း စီးပွားရေးလုပ်ငန်းရှင် များနှင့် တွေ့ဆုံခြင်းကို စုစုပေါင်း(၅၀)ကြိမ်၊ ရာခိုင်နှုန်းအားဖြင့် ၂၀၈ % ဆောင်ရွက်နိုင်ခဲ့ပြီး  Mini Budget ထက် (၁၅)ကြိမ် ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)