မအူပင်ခရိုင် ဓနုဖြူမြို့နယ်တွင် ကောက်စောစပါးပေါ်ပြီ

Powered by Drupal

                ဧရာဝတီတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးနှင့်ဝန်ထမ်းများသည် (၁၄.၁၀.၂၀၂၂)နေ့တွင် (၁၁:၁၅)နာရီအချိန်တွင် ကောက်စောစပါး ရိတ်သိမ်းချွေလှေ့နေသော ဓနုဖြူမြို့နယ် အုန်းပင်ကွင်းကျေးရွာရှိ တောင်သူဦးစည်သူအောင်နှင့်သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။

            အဆိုပါကောက်စောစပါး ရိတ်သိမ်းချွေလှေ့နေသော တောင်သူဦးစည်သူအောင်မှ မိမိသည် မှော်ဘီ(၂) စပါးမျိုးကို (၆)ဧကခနိ့စိုက်ပျိုးခဲ့ကြောင်း တစ်ဧကလျှင် မျိုးပါးအနေဖြင့် (၃)တင်း အသုံးပြုခဲ့ကြရပြီး မျိုးတစ်တင်းလျှင် ၁၅၀၀၀/-နှုန်းခန့်၊ စပါးရိတ်တစ်ဧကလျှင် မျိုးစပါးအနေဖြင့် (၃)တင်းအသုံးပြုခဲ့ရပြီး  ထွန်ယက်ခ ၄၅၀၀၀/- ဓါတ်မြေဩဇာ (၂)မျိုးကို ၁၃၀၀၀၀/-ကျပ်၊ ယခုရိတ်သိမ်းချွေလှေ့ခ ၉၀၀၀၀/-ကျပ် ကုန်ကျခဲ့သဖြင့် တစ်ဧကလျှင် ပျမ်းမျှ ၃၁၀၀၀၀/-ခန့်ကုန်ကျခဲ့ပြီး ရိတ်သိမ်းချွေလှေ့ချိန်တွင် စပါးဈေး ၁၀၀၀၀၀၀/-ကျပ်ဈေး ရသောကြောင့် တစ်ဧကပျမ်းမျှအထွက်တင်း ၇၅တင်း နှုန်းထွက်ရှိသဖြင့် တွက်ချေကိုက် ဝင်ငွေရရှိပြီး ကျေနပ်ဝမ်းသာမိကြောင်း ဆွေးနွေးတင်ပြခဲ့ကြပါသည်။

         စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးမှ ကောက်စောစပါး စိုက်ပျိုးထုတ်လုပ်ပြီးနွေစပါး သို့မဟုတ် မတ်ပဲ၊ ပဲတီစိမ်း ဆောင်းသီးနှံစိုက်ပျိုးနိုင်ရေးပြင်ဆင်ပြီး နည်းပညာလိုအပ်ချက်နှင့်မတည်ရင်းနှီးငွေ လိုအပ်ခြင်းများကို သက်ဆိုင်ရာအစိုးရအဖွဲ့အစည်း ကုမ္ပဏီများနှင့်ချိတ်ဆက်ဆောင်ရွက်ပေးမည့် အလားအလာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)