မြိတ်မြို့၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်မှ ဝန်ထမ်းများသည် မြိတ်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၈.၁၀.၂၀၂၂)ရက်နေ့၊ နံနက်(၉း၃၀)အချိန်တွင် မြိတ်မြို့၊ ကြောင်ငယ်ရပ်၊ အမှတ်(၇)၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) သို့သွားရောက်၍ ကျောင်းသူ၊ ကျောင်းသားများ ဘေးအန္တရာယ်ကင်းရှင်းစွာ‌ ရွေးချယ်ဝယ်ယူစား‌သောက်နိုင်ရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြပါသည်။

      အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနဖြစ်ပေါ်လာပုံ၊ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူရေးရာဦးစီးဌာနမှထုတ်ပြန်ထားသော စားသုံးသူဥပဒေပါကုန်အညွှန်းအမှတ်အသားများ၊ အစားအသောက်ခွင့်ပြုချက်အား အသေးစားစက် မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် ပြုလုပ်နိုင်ပြီး ရွေးချယ်ဝယ်ယူစားသောက်ရာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ ထောက်ခံချက်ရရှိထားသော စားသောက်ကုန်နှင့် မြန်မာ ဘာသာဖြင့်ဖော်ပြထားသော စားသောက်ကုန်များသာ ရွေးချယ်ဝယ်ယူရန်၊ အစားအစာဘေးကင်း လုံခြုံရေးအတွက် ပြုလုပ်သင့်သောအချက်(၅)ချက်အကြောင်း၊ စားသုံးသူထိခိုက်နစ်နာမှုရှိခဲ့ပါက စားသုံးသူရေးရာဦးစီးဌာနသို့တိုင်ကြားရန်၊ စားသောက်ကုန်များအား သက်တမ်းကုန်ဆုံးရက်ကြည့်ရန်၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံများကိုရေဖြင့်သေချာစွာ ဆေးကြောပြီးမှစားရန်၊ ပလတ်စတစ် အိတ်များအား အပူဖြင့်ထည့်၍ မစားသောက်ရန် ဟောပြောပို့ချခဲ့ပြီး ကျောင်းသူ၊ ကျောင်းသားများ ဘေးအန္တရာယ်ကင်းရှင်းစွာဝယ်ယူစားသောက်နိုင်ရေး ကျောင်းပတ်ဝန်းကျင်ရှိ မုန့်စျေးတန်းအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် သက်တမ်းလွန်စားသောက်ကုန်များနှင့် စားသောက်ရန်မသင့်သေ ာစားသောက်ကုန်များအားစစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိသောစားသောက်ကုန်များသာ ရောင်းချရန်နှင့် ဘေးအန္တရာယ်ကင်းသောစားသောက်ကုန်များသာ ရောင်းချရန်ပြော ကြား၍ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)