
ဝိတ်ကျချင်တဲ့သူတိုင်း သစ်ကြားသီးစာပေးနိုင်ကြောင်း ကျန်းမာရေးစာစောင်များအရ သိရသည်။ ဖတ်ဖူးကြမှာပါ။ ကိုယ်အလေးချိန်ထိန်းဖို့ အတွက်ရော၊ ဗိုက်အဆာခံဖို့အတွက်ရော အစေ့အဆံ တွေ စား၍ရနိုင်သည်။ သစ်ကြားသီး ၁၂ လုံးကနေ ၁၄ လုံးလောက်စားလိုက်ရင် ကယ်လိုရီ ၁၉၀ လောက်ရပေမယ့် သူ့ထဲမှာပါတဲ့ အဆီဓာတ်တွေက ကိုယ်အလေးချိန်တက်စေတာ၊ ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေတာ တစ်ခုမှ မရှိဟုသိရသည်။ သစ်ကြားသီးမှာပါတဲ့ အမျှင်ဓာတ် တွေက အူတွင်းက အကျိုးပြုဘက်တီးရီးယားတွေကို ပေါက်ပွားစေတဲ့အတွက် ဝမ်းမှန်ပြီး ကိုယ်အလေးချိန်ထိန်းပေးသည်။
သစ်ကြားသီးကို ညောင်တုန်းမြို့နယ်တွင် ရောင်းချသူများရှိ၍ ဒေသတွင်းရောင်းချမှုမှ ရောင်းအားကောင်း၍ အဆင်ပြေလျက်ရှိကြောင်းသိရသည်။ ရောင်းချသည့်အနေဖြင့် သစ်ကြားသီး ၂၅လုံးပါ တစ်ထုတ်လျှင် ၆၃၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။ ဈေးကောင်း၍ သစ်ကြားသီးသည် ဦးနှောက်လုပ်ဆောင်တာ တွေကို ကောင်းမွန်စေသလို ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုအတွက်အရေးပါသည်။ သစ်ကြားသီးမှာ အဟာရ တန်ဖိုးများစွာ ပါဝင်တာကြောင့် တစ်နေ့တာအတွက်လိုအပ်တဲ့ အဟာရဓာတ်ကို ကောင်းကောင်းရရှိစေသည်။
DOCA(ဧရာဝတီ)
