ကျောက်တံခါးမြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ( Talk Show ) ကျင်းပ

Powered by Drupal

         ပဲခူးတိုင်း‌ဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ညောင်လေးပင်ခရိုင် ၊ ကျောက်တံခါးမြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၁၄.၁၀.၂၀၂၂ ရက်နေ့ ၊ နံနက် (၁၀ : ၃၀) အချိန်တွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး အစည်းအဝေးခန်းမ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ( Talk Show ) ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ ( Talk Show)တွင် စားသုံးသူရေးရာဦးစီးဌာန ၊ ကျောက်တံခါးမြို့နယ် တာဝန်ခံ ဒေါ်တင်တင်စန်းမှ စားသုံးသူရေးရာကိစ္စရပ်များနှင့် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွဲဖက်ဆောင်ရွက်နေမှုများ ၊ စားသုံးသူ ထိခိုက်နစ်နာမှုများနှင့် စပ်လျဉ်း၍ ကုစားမှု အစီအစဉ်များ ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြမှုများ နှင့်စပ်လျဉ်း၍ စားသုံးသူများ သိရှိရမည့် သတင်းအချက်အလက်များ ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် စားသုံးသူ နစ်နာမှုများအတွက် တိုင်ကြားနိုင်မည့်နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)