
၂၇.၁၀.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ဒေသထွက်ဆန်ဈေးနှုန်း ယခင်လထက် အနည်းငယ်တက်လာကြောင်းသိရသည်။ လက်ရှိဈေးနှုန်းများအနေဖြင့် ကျားပျံဆန် (၁၈၀) ပေါင် (၁) အိတ် ၁၄၀,၀၀၀ ကျပ်၊ ပေါ်ဆန်းဆန် (၁၈၀) ပေါင်အိတ် ၁၂၀၀၀၀ ကျပ်၊ ကမာကြည်ဆန် (၁၀၈) ပေါင်အိတ် ၈၀၀၀၀ ကျပ်နှင့် ဧည့်မထ(ရှယ်) (၁၀၈) ပေါင်အိတ် ၇၀၀၀၀ ကျပ်တို့ဖြင့် ရောင်းချနေကြောင်း သိရှိရသည်။
ဈေးတက်လာခြင်းအကြောင်းအရင်းမှာ မိုးရာသီအကုန်တွင် ထုတ်လုပ်မှုနည်းခြင်း၊ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်များ တက်လာခြင်းတို့ကြောင့် ဈေးအနည်းအငယ် တက်လာရခြင်းဖြစ်သည်ဟု ဒေသခံကုန်သည်များ၏ ပြောကြားချက်အရသိရပါသည်။
DOCA (မွန်)
