အစေ့ထုတ်ပြောင်း စိုက်ပျိုးထုတ်လုပ်မှုအခြေအနေ

Powered by Drupal

        ကယားပြည်နယ်သည် အစေ့ထုတ်ပြောင်းသီးနှံကို စီးပွားဖြစ်အဓိကစိုက်ပျိုးသော ဒေသဖြစ်ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အစေ့ထုတ်ပြောင်း(မိုး)ကို လွိုင်ကော်ခရိုင်တွင် (၃၄၆၇၇) ဧကခန့်နှင့် ဘောလခဲခရိုင်တွင် (၃၃၃) ဧကခန့်စိုက်ပျိုးလျက်ရှိပါကြောင်းသိရှိရပါတယ်။

       ကယားပြည်နယ်မှထွက်ရှိသော အစေ့ထုတ်ပြောင်းကို ရန်ကုန်သို့အဓိကတင်ပို့ ကြလျက်ရှိပြီး အခြားမြို့ကြီးများဖြစ်သည့် မန္တလေး၊ တောင်ကြီးမြို့များသို့ အနည်းငယ်တင်ပို့မှု ပြုလုပ်ကြသည်ကိုလည်းတွေ့ရပါတယ်။ ပြည်နယ်အတွင်းဖြစ်ပေါ်နေသော အစေ့ထုတ်ပြောင်း ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၆၅၀ ကျပ်မှ ၇၅၀ကျပ်)အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိ ပါတယ်။ ယခင် စက်တင်ဘာလအတွင်း ကယားပြည်နယ်မှ အခြားမြို့ကြီးများသို့ အစေ့ထုတ်ပြောင်း တင်ပို့မှုမှာ(၇၆၁)တန်ခန့်ရှိကြောင်းနှင့် အောက်တိုဘာလ  ယခုအပတ်အထိ ကယားပြည်နယ်မှ အခြားမြို့ကြီးများသို့အစေ့ထုတ်ပြောင်းတင်ပို့မှုမှာ(၃၈၀)တန်ခန့် တင်ပို့လျှက် ရှိပါကြောင်း မြို့ဦးဂိတ်စာရင်းအရ သိရှိရပါတယ်။

DOCA(ကယား)