ထားဝယ်မြို့တွင် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

        တနင်္သာရီတိုင်းဒေသကြီး ၊စားသုံးသူရေးရာ ဦးစီးဌာန ၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ၂၀၂၂ခုနှစ် ၊ အောက်တိုဘာလ ၊ ၁၉ ရက်နေ့၊ နံနက် ၀၈:၀၀ နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့ပေါ်ရှိ တဂူသိမ်စျေး ၊ Super Market ၊ မုန့်တိုက်နှင့် စားသောက်ကုန်မျိုးစုံအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

          အဆိုပါစျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စျေးကွက်အတွင်းရှိ စားသောက်ကုန်များအား ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်များ ပြည့်စုံမှန်ကန်စွာပါရှိမှုရှိစေရန် ၊ သက်တမ်းကုန်လွန်သော စားသောက်ကုန်ပစ္စည်းများ ရောင်းချနေမှုများ ရှိ/မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာ‌စောင်များ ဖြန့်ဝေခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)