ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင်ဝင်ရောက်စစ်ဆေး

Powered by Drupal

         ၁၄.၁၀.၂၀၂၂ ရက်နေ့၊ နံနက် ၁၀:ဝဝ အချိန်တွင် စမ်းချောင်းမြို့နယ်၊ ဂမုန်းပွင့်ကုန်တိုက်နှင့် City Mart Super Market တို့အား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ရန်ကုန်)မှ ဦး ဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေး၊ မြို့နယ်ထွေ/အုပ်၊ မြို့နယ်စည်/ပင် (ကျန်းမာရေး)၊ စားသုံးသူ ရေးရာဦးစီးဌာန (အရှေ့ပိုင်းခရိုင်) တို့ပူးပေါင်း၍ Singapore Food Agency ၏ (၁၁.၁၀.၂၀၂၂) ကြေညာချက်တွင် အင်ဒိုနီးရှားနိုင်ငံထုတ် Mie Sedaap အမှတ်တံဆိပ်ပါ အစားအသောက် (၆)မျိုးအနက် အသင့်စားခေါက်ဆွဲခြောက်ထုတ် (အနီ၊ အနက်၊ အစိမ်း)ရောင်သုံးမျိုးတို့တွင် Ethylene Oxide သတ်မှတ်ပမာဏထက်ပိုမိုပါဝင်နေသည့်အတွက် ဈေးကွက်အတွင်း ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)