ဝန်ထမ်းစွမ်းဆောင်ရည်မြင့်တင်ရေးသင်တန်း

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၌ အောက်တိုဘာလ (၂၀.၁၀.၂၀၂၂)ရက်နေ့ နံနက် ၉:၀၀နာရီ တွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့ပါသည်။အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးဦးစီးမှူး မှ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ရည်မှန်းချက်၊မှော်မှန်းချက်၊မူဝါဒများ စားသုံးသူ ရေးရာဦးစီးဌာန၏ ရည်မှန်းချက်၊မှော်မှန်းချက် မူဝါဒများ အောင်မြင်အောင် ဆောင်ရွက်နိုင်စေရန်နှင့်  ဝန်ထမ်းများ ၏ HR.development လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း အကျယ်တဝင့် ပြောကြားခဲ့ပါသည်။

     အဆိုပါသင်တန်းတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှုနှင့် ညွှန်ကြားရေးဦးစီးဌာနတို့က လုပ်ငန်းဆောင်ရွက်ချက်များအား သင်တန်းပို့ချသွားမည်ဖြစ်ပါကြောင်းနှင့် သင်တန်းသား/သင်တန်းသူ (၁၄)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ (၂၀.၁၀.၂၀၂၂)ရက်နေ့မှ (၂၁.၁၀.၂၀၂၂)ရက်ထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)