ဝန်ထမ်းများစာရင်းအင်းဆိုင်ရာလုပ်ငန်း စွမ်းဆောင်ရည်မြင့်တင်ရေး သင်တန်းဖွင့်လှစ်ခြင်း

Powered by Drupal

      ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကကြီးမှူးပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်စေရန်အတွက် ဝန်ထမ်းများစာရင်းအင်းဆိုင်ရာ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၂)သင်တန်းဖွင့်ပွဲကို (၁၉-၁၀-၂၀၂၂)ရက်နေ့ နံနက်ပိုင်းက စစ်တွေမြို့ ဦးဉတ္တမခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊သင်တန်းဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြပါသည်။

       သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အဆင့် ဌာနဆိုင်ရာများတွင် နိုင်ငံ့တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏ နေ့စဉ်ဆောင်ရွက်နေရသည့် လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်းသည့်သိမှတ်ဖွယ်ရာများဖြစ်သော ငွေစာရင်းလုပ်ထုံးလုပ်နည်းများ၊စာရင်းအင်းအသိပညာ၊ စီမံကိန်းရေးဆွဲခြင်း၊အရအသုံးခန့်မှန်းခြေငွေစာရင်းများ ရေးဆွဲခြင်း၊ ဝန်ထမ်းများသိသင့်သိထိုက် သည့်အသိပညာဗဟုသုတများနှင့် အခြေခံစာရင်းအင်း ပြုစုရသည့်ဌာနများ၏ အချက်အလက် ဆိုင်ရာ ဗဟုသုတများကို သိရှိနားလည်စေရန်နှင့် စွမ်းဆောင်ရည်တိုးတက်စေရန် အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးပြီး ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သင်တန်းတွင် အစိုးရဌာနအဖွဲ့ အစည်း(၁၆)ခုမှ သင်တန်းဆရာများက သင်ကြားပို့ချကြမည်ဖြစ်ကြောင်း သင်တန်းသားများအနေ ဖြင့် အထူးကြိုးစားပြီး လေ့လာသင်ကြားစေလိုကြောင်း သင်တန်းပြီးသောအခါ မိမိလုပ်ငန်းခွင် အလိုက် ပြန်လည်တာဝန်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း သင်တန်းသားများအနေဖြင့် မိမိ၏ဂုဏ် သိက္ခာ၊ မိမိဌာန၊ အဖွဲ့အစည်း၏ ဂုဏ်သိက္ခာမြင့်မားရေးအတွက် လုံ့လဝိရီယအပြည့်အဝဖြင့် ကြိုးစားကြရန် အမှာစကားပြောကြားပါသည်။

       ထို့နောက် ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသန်းထွန်းအောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး အဆိုပါသင်တန်းသို့ ပြည်နယ်အဆင့်ဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း(၅၀)ဦး တက်ရောက်ပြီး ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) သင်တန်း ခန်းမ၌ အောက်တိုဘာ(၁၉)ရက်မှ နိုဝင်ဘာ(၃၀)ရက်အထိ ဖွင့်လှစ်သင်ကြားပို့ချမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)