မိတ္ထီလာမြို့ ၊ ယက္ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် သင်တန်းသား/သူများအား စားသုံးသူကာကွယ်ပေးရေး အသိပညာပေးခြင်း

Powered by Drupal

         မန္တလေးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန မိတ္ထီလာခရိုင်၊ဦးစီးမှူးသည် ၊ ၂၀၂၂ခုနှစ် ၊ အောက်တိုဘာလ ၁၉ ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် မိတ္ထီလာမြို့ယက္ကန်းနှင့်အသက်မွေး ပညာသင်တန်းကျောင်း၌ သင်တန်း နည်းပြများ၊သင်တန်းသား/သူများကို စားသုံးသူကာကွယ် ပေးရေးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

          ဟောပြောပွဲတွင် မိတ္ထီလာခရိုင်၊စားသုံးသူရေးရာဦးစီးဌာန ၊ ခရိုင်ဦးစီးမှူးဦးဇော်မင်းမှ စားသုံးသူ ကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ (၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၉)ပါစားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့် တာဝန်များအကြောင်း ပဏာမ‌ဟောပြောခဲ့ပြီး ၊ သင်တန်းသားများအနေဖြင့် တစ်ချိန်တွင် လုပ်ငန်းရှင်များအဖြစ်ရပ်တည်ပါက သိရှိလိုက်နာနိုင်ရန်အတွက် အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင် များလိုက်နာရမည့်တာဝန်များ ၊အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ကိုဖော်ပြရာတွင် ကုန်စည်အလိုက် မြန်မာဘာသာဖြင့်ဖော်ပြရန်လိုအပ်ကြောင်း၊  အခြားနိုင်ငံမှ တင်သွင်းလာသည့် ကုန်စည်များ ဖြစ်ပါက မြန်မာဘာသာဖြင့်ဖြစ်စေ အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ တွဲလျှက်ဖော်ပြရန် လိုအပ်ကြောင်း အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့ပါသည်။ ကုန်စည် ဝန်ဆောင်မှုများနှင့် စပ်လျဉ်း ၍ ဆုံးရှုံးနစ်နာမှုများရှိပါကလူကိုယ်တိုင်ဖြစ်စေ၊ဖုန်းဖြင့်ဖြစ်စေတိုင်ကြားနိုင်ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန Website ဖြစ်သောwww.doca.gov.mmတွင်လည်းတိုင်ကြားနိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          ယက္ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းမှ သင်တန်းသား/သူများကိုယ်စားသင်တန်း သူတစ်ဦးမှ ယခုလိုလာရောက်ဟောပြောသည့်အတွက် မိမိတို့အနေဖြင့် မသိရှိရသေးသည့် အသိပညာ များရရှိကြောင်းနှင့် စားသုံးသူတစ်ဦး၏ အခွင့်အရေးများရှိသည်ကိုသိရှိခဲ့ရပြီး ဆုံးရှုံးနစ်နာမှုများ ရှိပါကကုစားခွင့်၊နစ်နာမှုမရှိစေရန်ကာကွယ်နိုင်ကြောင်း သိရှိရသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက် မိကြောင်း ပြောကြားခဲ့ပါသည်။ သင်တန်းသား/သူ (၅၇)ဦး တက်ရောက် ခဲ့ပြီး လက်ကမ်းစာစောင်များ လည်းဖြန့်ဝေခဲ့ပါသည်။

DOCA(မန္တလေး)