ဧရာ၀တီတိုင်းဒေသကြီးအတွင်း လာမည့် ဆောင်းရာသီ နေကြာဧက (၂)သိန်းကျော် စိုက်ပျိုးရန် လျာထား

Powered by Drupal

       ဧရာ၀တီတိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံစေရေး စျေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်စေရန်သာမက ပြည်ပသွင်းကုန် အစားထိုးသီးနှံ နေကြာစိုက်ပျိုးခြင်းဖြင့် နိုင်ငံခြားသုံးငွေ လျော့ကျစေရန် ရည်ရွယ်၍ ယခုလာမည့် ဆောင်းရာသီ ဧရာ၀တီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် နေကြာဧက (၂၂၁၆၈၈) စိုက်ပျိုးရန်လျာထားကြောင်း တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာနမှ သိရသည်။

      ပုသိမ်ခရိုင်အတွင်း နေကြာစိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ပတ်သက်၍ အောက်တိုဘာလ (၂) ရက်နေ့ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် သင်တန်းကျင်းပ ပြုလုပ်ရာ တိုင်းဦးစီးမှူး ဦ:စိန်မောင်မြင့်က နိုင်ငံတော်မှချမှတ်ထားသော မူဝါဒများနှင့်အညီ စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး စားသုံးဆီဖူလုံမှုရှိစေရေးနှင့် နေကြာစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာရေးအတွက် တောင်သူများနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းမှသာ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ဖွင့်ပွဲအမှာစကား ပြောကြား၍ အဆိုပါ သင်တန်းသို့ ခရိုင်အတွင်းရှိ မြို့နယ်ဦးစီးမှူးများနှင့်၀န်ထမ်းများ စုစုပေါင်း (၅၀)ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)