ဧရာ၀တီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိုင်းဦးစီးမှူး ဦးထွန်းထွန်းနှင့် အဖွဲ့သည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မြို့နယ်စည်ပင်သာယာရေး အဖွဲ့များနှင့် ပူးပေါင်း၍ အောက်တိုဘာလ (၁၈)ရက်နေ့ နံနက်ပိုင်းတွင် ပဲပြား၊ ပဲသွေးနှင့် မုန့်ဟင်းခါးဖတ်များ ရောင်းချလျှက်ရှိသော ပုသိမ်မြို့ပေါ် မြို့မစျေးအတွင်းရှိ ဆိုင် (၇)ဆိုင်နှင့် အောင်ဧရာစျေးအတွင်းရှိ ဆိုင်(၃)ဆိုင်သို့ သွားရောက်ပြီး ပြည်သူများ ၀ယ်ယူစားသုံးလျှက်ရှိ သော ကုန်စည်များတွင် တာရှည်ခံ ဓာတုဆေးဝါးများ ဖော်မလင်သုံးစွဲထားခြင်းရှိမရှိ ကွင်းဆင်း၍ စျေးကွက်နမူနာ ကောက်ယူခဲ့ပါသည်။
စျေးကွက်အတွင်းမှ ကောက်ယူလာသော နမူနာများကို စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးရုံးတွင် ပူးပေါင်းအဖွဲ့မှ Tesk Kit ဖြင့် စစ်ဆေးခဲ့ရာ Red Liquid မတွေ့ရကြောင်း လု်ပငန်းရှင်များမှ စီးပွားရေး ကျင့်၀တ်များလိုက်နာမှု ရှိစေရန်နှင့် စားသုံးသူယဉ်ကျေးမှု အလေ့ အထများ ထွန်းကားလာစေရန်သာမက စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များ ၀ယ်ယူစားသုံးနိုင်ရန် ရည်ရွယ်၍ ယခုလို စျေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဖြစ် ကြောင်း ဒုတိုင်းဦးစီးမှူး ဦးထွန်းထွန်းက ဆိုင်ပိုင်ရှင်များအား စားသုံးသူ အသိပညာပေး ပြောကြားခဲ့ပါသည်။
DOCA(ဧရာဝတီ)