Thursday Talk အသိပညာပေးဆွေးနွေးပွဲ

Powered by Drupal

         ကယားပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများအား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၀)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ဝန်ထမ်း များ၏ သတင်းရေးသားနည်း စွမ်းဆောင်ရည်ပိုမိုတိုးတက် လာစေရန် ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk အသိပညာပေးဆွေးနွေးပွဲတွင် သတင်းရေးသားနည်းဆိုင်ရာ အချက်အလက်များခေါင်းစဉ်ဖြင့်ဆွေးနွေးခဲ့ရာ စုစုပေါင်းဝန်ထမ်း (၈)ဦး တက်ရောက်ခဲ့ပါသည်။

         အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒေါမြို့ရီ (ဦးစီးအရာရှိ) က  သတင်း/ဆောင်းပါးရေးသားရာတွင် ပါဝင်သင့်သည့်အချက်များ၊ ရှောင်ကျဉ်သင့်သည့် အချက်များ၊ သတင်းရေးသားရာတွင် သတိပြုရမည့်အချက်များ၊ သတင်းခေါင်းစဉ်ရေးသားရာတွင် ဂရုပြု ရမည့်အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ဝန်ထမ်းများကလည်း သိရှိလိုသည်များမေးမြန်းပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြောင်းနှင့် Thursday Talk အသိပညာပေး ဆွေးနွေးခြင်းဖြင့် ဝန်ထမ်းများ သတင်းရေးသားရာတွင် ပိုမိုတိုးတက်ကောင်းမွန်လာခြင်း၊ သတင်းရေးသားခြင်းနှင့်စပ်လျဉ်းသိသင့်သိထိုက်သည့် အသိပညာဗဟုသုတများရရှိခြင်း၊ ဌာနလုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်၍ ထိရောက်မှုရှိခြင်း စသည့်အကျိုးကျေးဇူး များရရှိကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)