ကယားပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ( ၂၁ ) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ ရှမ်းပိုင်းရပ်ကွက်၊ လောဓမ္မရပ်ကွက်နှင့် ထေးသမရပ်ကွက်ရှိ ကုန်ပစ္စည်းမျိုးစုံ ရောင်းချသည့် အရောင်းဆိုင်များအား မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ မြို့နယ်ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်စည်အများစုတွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါကုန်အညွန်းအမှတ်အသား သတ်မှတ်ချက်များ နှင့်ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး လွိုင်ကော်မြို့အတွင်းရှိ ဈေးဆိုင်များ၊ ဆေးဆိုင်များ၊ ကုန်မျိုးစုံရောင်းချသည့် အရောင်းဆိုင်ပိုင်ရှင်များအနေဖြင့် ကုန်အညွန်းအမှတ်အသား သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသည့် ကုန်စည်များကို ရောင်းချခြင်း မပြုကြရန်၊ Covid-19 စည်းကမ်း ချက်များနှင့်အညီ ရောင်းချသွားကြရန်နှင့်သတ်မှတ်ချက်၊ စည်းကမ်းချက်များနှင့်မကိုက်ညီသည့် အရောင်းဆိုင်များစစ်ဆေးတွေ့ရှိရပါက စားသုံးသူကာကွယ်ရေးဥပဒေအရ သော်လည်းကောင်း၊ Covid-19 စည်းကမ်းသတ်မှတ်ချက်များအရ သော်လည်းကောင်း အရေးယူမှုများ၊ ပြစ်မှုပြစ်ဒဏ်များ ခံရမည်ဖြစ်ကြောင်း ကုန်မျိုးစုံအရောင်းဆိုင်(၃)ဆိုင်အား ဝိုင်းဝန်းအသိပညာပေး စစ်ဆေးဆောင် ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကယား)