ဖျာပုံမြို့နယ်ကျောင်းကုန်းကျေးရွာအုပ်စု မြက်ခါးကျေးရွာ ပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံမြို့နယ်တာဝန်ခံသည် ဖျာပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ပညာရေးဌာနတို့နှင့်အတူ ကျောင်းကုန်းကျေးရွာအုပ်စု မြက်ခါးကျေးရွာသို့ အောက်တိုဘာလ( ၁၈ )ရက် နေ့တွင်လိုက်ပါ၍ သက်ဆိုင်ရာဌာနအလိုက် ကျေးရွာနေပြည်သူများအား အသိပညာပေးဟောပြော ခဲ့ကြပါသည်။

     အဆိုပါအသိပညာပေးဟောပြောပွဲ ကိုကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်ပြုလုပ်ခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံ ဦးမင်းဇော်က စားသုံးသူရေးရာဦးစီးဌာနတွင်စားသုံးသူ ကာကွယ်ရေးဥပဒေ၊ နည်းဥပဒေများရှိပါကြောင်း၊ ဥပဒေပါပြဌာန်းချက်များအရ စားသုံးသူအခွင့် အရေးရှိသကဲ့သို့လိုက်နာရမည့်တာဝန်များရှိပါကြောင်း၊ ဥပဒေပါအခန်း(၁၈)ပုဒ်မ(၄၁)(၄၃)တွင်ကုန် အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများ မျှင်ငါးပိများတွင်ဓာတုဆိုးဆေးများမသုံးစွဲရန်နှင့်သုံးစွဲ ပါက FDA ဥပဒေအရလည်းကောင်း၊စားသုံးသူကာကွယ်ရေးဥပဒေအရသော်လည်းကောင်းအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊လွန်ခဲ့သောနှစ်ရက်က ကဒုံကနိကျေးရွာရွာသို့ FDA နှင့်ပူးပေါင်း၍ ခရိုင်ဦးစီးမှူးကိုယ်တိုင် မျှင်ငါးပိ လုပ်ငန်းများသို့ကွင်းဆင်းစစ်ဆေးခဲ့ပြီးမျှင်ငါးပိနမူနာများယူ၍FDA မှဓာတ်ခွဲစစ်ဆေးဆောင်ရွက်နေပါကြောင်း၊ ပြည်သူများအနေဖြင့် စားသုံးသူအခွင့်အရေးဆုံးရှုံးနစ်နာမှုများရှိပါက တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များ၊ ရုံးနေရာများကို လက်ကမ်း စာစောင်များတွင် ပါရှိပါကြောင်း ဟောပြောပါသည်။

      ထိုအသိပညာပေးဟောပြောပွဲသို့ မြက်ခါးကျေးရွာနေပြည်သူ(၁၁၅)ဦးတက်ရောက်ပြီးတက် ရောက်လာသူများအား စားသုံးသူရေးရာဦးစီးဌာန၏ ကြီးကြပ်မှု၊မြို့နယ် ဆန်စက်၊ ဆန်ကုန်သည်အသင်း၊ မြို့နယ်ဆီလုပ်ငန်းရှင်များအသင်းတို့၏ ကူညီမှုဖြင့်အခြေခံပြည်သူများအား ဆန်တစ်ပြည် (၁၅၀၀)ကျပ်၊စားအုန်းဆီတစ်ပိဿာ(၄၂၀၀)ကျပ်တို့ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)