ဟင်းသီးဟင်းရွက်ဆိုင်များတွင် ဖော်မလင်ပါဝင်သောပဲပြား၊ဘဲသွေး၊မုန့်ဟင်းခါးဖတ်များ ရောင်းချခြင်းရှိ/မရှိကွင်းဆင်းစိစစ်

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ဖျာပုံခရိုင်၊ဘိုကလေးမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ (၁၉)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့မဈေးရှိ ဟင်းသီးဟင်းရွက် အရောင်းဆိုင်များသို့ ကွင်းဆင်း စိစစ်ခဲ့ကြပါသည်။

          ထိုသို့စစ်ဆေးစောင်ရွက်ရာတွင် ဘိုကလေးမြို့၊မြို့မဈေးအတွင်းရှိဟင်းသီးဟင်းရွက်ဆိုင်များ တွင်ရောင်းချနေသောစားသောက်ကုန်များတွင်ဖော်မလင်ပါဝင်သောပဲပြား၊ ဘဲသွေး၊မုန့်ဟင်းခါးဖတ် များဈေးကွက်အတွင်း ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။ ထိုနောက်တစ်ဆက် တည်းရက်လွန်ကုန်ပစ္စည်းများ၊ အမှည့်လွန်သစ်သီးများ၊ ဘေးအန္တရာယ်ရှိသောဆိုးဆေးများအသုံးပြု ထားသောသစ်သီးများ၊တာရှည်ခံအသုံးအပြုထားသောကုန်ပစ္စည်းများကို ဈေးကွက်အတွင်းသို့ဝယ် ယူတင်သွင်းရောင်းချခြင်းမပြုကြရန် အသိပေးတိုက်တွန်းခဲ့ပြီး၊ ယခုစစ်ဆေးခဲ့သောကုန်ပစ္စည်းများ ရောင်းချပါကဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)