မုန့်မျိုးစုံဆိုင်များတွင်ကလေးအဟာရဖြည့်စွက်စာအမျိုးမျိုးတွင် “မိခင်နို့အစားထိုးအသုံးပြုနိုင်ကြောင်း”ကုန်အညွှန်းအမှတ်အသား ပါဝင်ဖော်ပြမှုရှိ/မရှိကွင်းဆင်းစစ်ဆေး

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းတို့သည် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ (၁၉)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့၊ မြို့မဈေးအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

       ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ဘိုကလေးမြို့မဈေးအတွင်းရှိ မုန့်မျိုးစုံဆိုင်များတွင် ရောင်းချနေသော ခလေးအဟာရဖြည့်စွက်စာအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ “မိခင်နို့အစားထိုးအသုံးပြုနိုင်ကြောင်း” ဖော်ပြထားခြင်းရှိ/မရှိကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ရောင်ချ နေသောကုန်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်တံဆိပ်များပါဝင်မှု၊ ဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ယင်းစစ်ဆေးခဲ့သော ကုန်ပစ္စည်များတွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)