ဖျာပုံမြို့နယ် ဒေါ်ညိမ်းကျေးရွာရှိ နေလှန်းဆားထုတ်လုပ်သည့်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးသည် ခရိုင်ဦးစီးမှူးရုံးခန်းတွင် အောက်တိုဘာလ(၁၇)ရက်နေ့တွင် ဖျာပုံမြို့နယ်ဒေါ်ညိမ်းကျေးရွာရှိ နေလှန်းဆားထုတ်လုပ်နေသော စီးပွားရေးလုပ်ငန်းရှင်( ၈ ) ဦး အားစားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။

        အဆိုပါနေလှန်းဆားထုတ်လုပ်နသော စီးပွားရေးလုပ်ငန်းရှင်များအား ခရိုင်ဦးစီးမှူးကဟောပြောရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးစီးဌာနနှင့် မူပိုင်ခွင့်ဦးစီးဌာနဆိုပြီးဌာနကြီးလေးခု ရှိပါကြောင်း။ ခရိုင်/မြို့နယ်အဆင့်ဖြစ်၍ ကျန်ဌာနများ၏လုပ်ငန်းများကို စားသုံးသူရေးရာဦးစီးဌာန မှဆောင်ရွက်လျက်ရှိပါကြောင်း၊   ဆားထုတ်လုပ်မှု   လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် လို အပ်လျက်ရှိသောအရင်းအနှီးများကိုလည်း  ကိုဗစ်-၁၉ ချေးငွေမှ   ထုတ်ချေးထားပါကြောင်း၊ ဆားကြမ်းထုတ်လုပ်နေမှုမှ ဆားချောထုတ်လုပ်သွားရန် လိုအပ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အရ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များရှိပါကြောင်း၊ဆားထုတ်လုပ်သူလုပ်ငန်းရှင် များအသင်းဖွဲ့စည်းရန်လိုအပ်ပါကြောင်း၊ ဖွဲ့စည်းမည်ဆိုပါက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဟောပြောဆွေးနွေးပါသည်။

         ထို့နောက် တက်ရောက်လာကြသော လုပ်ငန်းရှင်များမှ သိလိုသည်များ မေးမြန်းမှုအပေါ်တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)