မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် စက်မှုဇုံရှိ Paddy Star Co.Ltd  ၏ခိုင်ဖြိုးကျော်ဆန်စက်နှင့်   စပါးခွံလောင်စာတောင့်စက်ရုံသို့ ပြည်ထောင်စုဝန်ကြီး  တိုင်းဝန်ကြီးချုပ်နှင့်အဖွဲ့ လာရောက်ကြည့်ရှုလေ့လာခြင်း

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် စက်မှုဇုံရှိ PADDY  STAR Co, Ltd ၏ ခိုင်ဖြိုးကျော်ဆန်စက်နှင့် စပါးခွံလောင်စာတောင့်စက်ရုံသို့ (၁၆.၁၀.၂၀၂၂)ရက်နေ့ နံနက်(၀၉;၀၀) နာရီက ပြန်ကြားရေးပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ လာရောက်လေ့လာ ကြည့်ရှုခဲ့ပါသည်။

       ထိုသို့လာရောက်လေ့လာကြည့်ရှုရာတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းရှင်များမှ ကြိုဆိုနှုတ်ဆက်ခဲ့ ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့မှ စက်ရုံဝန်းအတွင်း ခင်းကျင်းပြသထားသော ဒေသထွက်ကုန် ပြခန်းများသို့ ကြည့်ရှုလေ့လာပြီး၊ စပါးခွံလောင်စာတောင့်ထုတ်လုပ်မှုနှင့် ဆန်ကြိတ်ခွဲထုတ်လုပ်မှု တို့အား ဆက်လက်လေ့လာခဲ့ပါသည်။ ခိုင်ဖြိုးကျော်ဆန်စက်ပိုင်ရှင်နှင့်တာဝန်ရှိသူများမှ ထုတ်လုပ်မှုအဆင့်ဆင့်အား အသေးစိတ်ရှင်းလင်းခဲ့ပြီး၊ ပြည်ထောင်စုဝန်ကြီးမှ နို်ငငံအတွင်း MSMEs ဖွံ့ဖြိုး တိုးတက်စေရေးအတွက် နိုင်ငံတော်ဝန်ကြီး၏ လမ်းညွှန်မှာကြားချက်များအတိုင်း အကောင်အထည် ဖော်ဆောင်ရွက်သွားကြရန် ထပ်ဆင့်ညွှန်ကြားခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါဒေသထွက်ကုန်၊ ကုန်စည်ပြပွဲနှင့်ပတ်သက်၍ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးစိုးအောင်မှတက်ရောက်ခဲ့ပြီး မြောင်းမြခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံများမှ မိမိတို့ မြို့နယ်များရှိ ဒေသထွက်ကုန်များအား တာဝန်ယူခင်းကျင်းပြသခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)