မအူပင်မြို့နယ်တွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ကျင်းပပြီးစီး

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် မအူပင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး Communit Center ခန်းမ၌ စားသုံးသူအသိပညာပေး Talk Showကို အောက်တိုဘာလ ၁၈ ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီက ကျင်းပပြုလုပ်ခဲ့ ကြပါ သည်။

         ထိုသို့ ကျင်းပပြုလုပ်ရာတွင် ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီး အရာရှိ ဒေါ်တင်သူဇာလှိုင်က ခရိုင် စားသုံးသူရေးရာဦးစီးဌာန နှင့် Talk Show ကျင်းပပြု လုပ်ရခြင်း ရည်ရွယ်ချက်နှင့် လုပ်ငန်းဆောင်ရွက်ချက်များ အကြောင်းကိုရှင်းလင်း ပြေားကြားပြီး၊ စားသုံးသူ ရေးရာဦးစီးဌာနမှလည်း စားသုံးသူများအနေဖြင့် အွန်လိုင်းမှတဆင့် ဝယ်ယူသုံးစွဲရာတွင် လိုက်နာရမည့်အချက်များ၊ မိုဘိုင်း(သို့) အွန်လိုင်းငွေကြေးဝန်ဆောင်မှုများ အသုံးပြုရာတွင် စားသုံးသူများအနေဖြင့် သတိပြုရမည့် အချက်များ၊ စားသုံးသူများအနေဖြင့်  ကုန်စည်နှင့် ဝန်ဆောင်မှုကို ဝယ်ယူ အသုံးပြုရာတွင်လည်းကောင်း၊ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များကြောင့် နစ်နာဆုံးရှုံးမှုရှိပါက မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနရှိ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC)သို့ တိုင်ကြားနိုင်မှုနှင့် တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် စားသုံးသူရေးရာဦးစီးဌာန ရုံးချုပ်ရှိ Website နှင့် အခြားတိုင်ကြားနိုင်သည့် နည်းလမ်းများ ဌာန၏ လက်ရှိ လုပ်ဆောင်ချက်များကို ရှင်းလင်း ဆွေးနွေးပြီးပါသည်။

        ဆက်လက် မေးမြန်းရာ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ ဆောင်ရွက်နိုင်မှု၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုများစသည့် စားသုံးသူရေးရာ အသိပညာပေး အကြောင်းများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)