ကလေးခရိုင်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း အသိပညာပေးဟောပြောခြင်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ကလေးခရိုင်မှ ဝန်ထမ်းများသည် အောက်တိုဘာလ ( ၂၀ ) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ဆရာ/ဆရာမ ( ၅ ) ဦး၊ ကျောင်းသား/ ကျောင်းသူ ( ၇၀ ) ဦး၊ စုစုပေါင်း(၇၅ )ဦးကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

           အသိပညာပေးဟောပြောရာတွင် ဦးစွာပထမ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးအောင်ထူးက အဖွင့်အမှာစကားနှင့် နုတ်ခွန်းဆက် စကားပြောကြားပြီး ကလေးခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်စန္ဒာမွန် (ဒု-ဦးစီးမှူး)မှ အစား အသောက်များကိုဝယ်ယူရာတွင် သတိပြုရမည့်အချက်များအကြောင်း၊ ကလေးခရိုင် စားသုံးသူ ရေးရာဦးစီးဌာန ဒေါ်ဇင်မိုးဝါ (ကြီး/ရေး)မှ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ ( CICC ) ဖွင့်လှစ်ထား ရှိပြီး စားသုံးသူများ နစ်နာဆုံးရှုံးမှုများရှိပါက (CICC) ရုံးသို့ လာရောက်တိုင်ကြားနိုင်ပါကြောင်း ထိုသို့ တိုင်ကြားရာတွင် ပုဂ္ဂိုလ်ရေးမုန်းတီးမှုကြောင့် အခြားသူများနစ်နာဆုံးရှုံးစေရန် ရည်ရွယ်၍ တိုင်ကြာမှုမျိုးမဟုတ်ဘဲ မိမိဘက်မှအမှန်တစ်ကယ် နစ်နာဆုံးရှုံးမှသာ တိုင်ကြားကြရန် အသိပညာ ပေးဆွေးနွေး ပြောကြားခဲ့ပြီး ဟောပြောပွဲအခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

DOCA(စစ်ကိုင်း)