မယ်ဇလီပင် အကြောင်းသိကောင်းစရာများ

Powered by Drupal

             မယ်ဇလီပင်ကို  ရုက္ခဗေဒ အလိုအားဖြင့် ကက်စီယာဆိုင်းရမ်းမီးဟု ခေါ်ဝေါ်သည်။ မယ်ဇလီပင်သည် ဆယ့်နှစ်ရာသီစိမ်းလန်းသော သစ်ပင်ဖြစ်၍ မြန်မာနိုင်ငံတစ်ဝှမ်းရှိ သစ်တောများတွင် ပေါက်ရောက်လေ့ရှိပြီး အစေ့ကိုစိုက်ခြင်းဖြင့် အလွယ်တကူအပင်ပေါက်နိုင်သည့်အပြင် အပင်ကြီးလွယ်၍အရိပ်ရကာ ခိုင်ခံ့သောသစ်ပင်ဖြစ်ခြင်းကြောင့် ကျေးလက်တောရွာများနှင့် ဘုန်းကြီးကျောင်းဝန်းများ၌ စိုက်ပျိုးထားတတ်ကြသည်။ မယ်ဇလီပင်သည် အမြင့်ပေ ၅၀ အထိရှိ၍ ထိပ်ဝိုင်းနေသောအစိမ်းရင့်ရောင် အရွက်များဖြင့်ထူထပ်စွာ ဖုံးအုပ်လျက်ရှိသောကြောင့် အရိပ်အာဝါသအ တွက်စိုက်ပျိုးကြပါသည်။ မယ်ဇလီပင်ကို စိုထိုင်းသောမြေမျိုး၌ စိုက်လျှင်ကောင်းစွာ ဖြစ်ထွန်း၍ မြေစေးမြေ၌စိုက်လျှင် အပင်ကြီးသင့်သလောက်မကြီး ကြောင်းသိရပါသည်။ ပဲမျိုးနွယ်ဝင်ဖြစ်သည့် မယ်ဇလီပင်ကို  မလေးရှား၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံများတွင်လည်း လမ်းဘေးအရိပ်ရပင် အဖြစ်တွ့ရှိရပါသည်။ မယ်ဇလီသားသည် ညိုမည်းမည်း အရောင်ရှိ၍ မာသောကြောင့် ပြောင်လက်လာအောင် အ‌ရောင်တင်နိုင်သော သစ်သားဖြစ်၍ ဘီရိုများကဲ့သို့ အိမ်အသုံးအဆောင်များ ပြုလုပ်ရန်အတွက်လည်း အသုံးဝင်ပါသည်။

        မြန်မာရာသီလများတွင် တန်ဆောင်မုန်းလပြည့်နေ့ တစ်နေ့တာအတွင်း၌ မယ်ဇလီဖူးသုပ်စားခြင်းသည် မြန်မာ့ရိုးရာအရ ဆေးဖက်ဝင်သည်ဟု ဆိုကြပါသည်။ အရွက်နုကလေးများနှင့်အဖူးများကိုချက်ပြုတ် စားလေ့ရှိကြသည်။ မယ်ဇလီပင်၏ အရွက်နှင့်အပွင့်ကို စားပေးခြင်းဖြင့် စိတ်ဖိအားလျော့ချပေးခြင်း၊  နှစ်ခြိုက်စွာအိပ်ပျော်စေခြင်း၊ အူမကြီးကို ကောင်းစွာ အလုပ်လုပ်စေခြင်း၊  မယ်ဇလီရွက်မှ ထွက်ရှိသည့် အီသနောဓာတ်သည် ဆီးချိူရောဂါကို ကာကွယ် ပေးနိုင်ခြင်း၊ မယ်ဇလီရွက်မှာ ပါဝင်သည့် အခါးဓာတ်သည် အသည်းအားကောင်းစေခြင်း စသည့် အစွမ်းသတ္တိတို့ရှိကြောင်း လေ့လာသိရှိရပါ  သည်။

          မယ်ဇလီပင်တွင်ရှိသည့် အသီး၊အရွက်၊အခေါက်များ ရေရှည်သုံးစွဲခြင်းကြောင့် ကြွက်သား အားနည်းခြင်း၊  နှလုံးလုပ်ငန်းစဉ်တွေ ကမောက်ကမဖြစ်ခြင်း၊ အသည်းပျက်စီးခြင်း စသည့်ဆိုးကျိုး များရှိကြောင်းလေ့လာသိရှိရပါသည်။

          မယ်ဇလီပင်သည် အဟာရဓာတ်များစွာရရှိပြီး ကျန်းမာရေးအတွက်ကောင်းကျိုးများရှိ သော်လည်း ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သည့် အခြေအနေများကိုလဲ သတိပြုရှောင်ရှားနိုင်ရန် တင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)