စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူခရိုင် အနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ (၂၀)ရက်၊ နံနက် ( ၁၁ : ၀၀)နာရီတွင် ကန့်ဘလူခရိုင်စီမံကိန်းဦးစီးရုံး၌ ကျင်းပသည်။

        စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက စားသုံးသူရေးရာ ဦးစီးဌာန၏ မျှော်မှန်းချက်နှင့်ရည်မှန်းချက်များ၊ စားသုံးသူ၏အခွင့်အရေးများ ၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတများနှင့် ဝန်ဆောင်မှုလုပ်ငန်းများအကြောင်းတို့အား ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။

          အဆိုပါအသိပညာပေးဟောပြောပွဲသို့ ခရိုင်စီမံကိန်းဦးစီးရုံးမှ ဝန်ထမ်း(၆)ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရ ရှိသည်။

DOCA(စစ်ကိုင်း)