ဖြူးမြို့တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းကို Talk Show အစီအစဉ်ဖြင့်ဆောင်ရွက်

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖြူးမြို့နယ်ဦးစီးဌာနမှူး ဒေါ်အိမာဟိန်းနှင့်အတူ အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ စားသုံးသူကာကွယ်ရေးဆိုင်များကို Talk Show အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။

         အသိပညာပေးဆွေးနွေးပွဲအစီအစဉ်တွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးက စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာပြဌာန်းချက်များ၊ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြရာတွင် လုပ်ငန်းရှင်များ အဆင်ပြေစွာဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ထုတ်ပြန် ပေးခဲ့မှုများ၊ လုပ်ငန်းရှင်များသည် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ အခက်အခဲရှိပါက စားသုံးသူရေးရာဦးစီးဌာန၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်ဦးစီးမှူးရုံးများသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ခြင်းများကို ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)