အမှတ်(၇)အခြခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပခြင်း

Powered by Drupal

       တနင်္သာရီတိုင်း ဒေသကြီး၊ စားသုံးသူ ရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါ ဟောပြောပွဲတွင် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူးက အစားအသောက်နှင့် ဆေးဝါးဆိုင်ရာကျန်းမာရေး အသိပညာပေးဟောပြောခြင်း၊ တိုင်း ဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်အေးအေးလွင်(ဦးစီးအရာရှိ)က စားသုံးသူအခွင့်အရေး (၈)ချက်နှင့် စားသုံးသူတာဝန်များ၊ ကုန်စည်နှင့်ပတ်သက်သည့် ကုန်အညွှန်းအမှတ်အသားများ အကြောင်း စားသုံးသူအခွင့်အရေးများနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ပါကြောင်း၊ Consumer Call Center 1535 သို့ခေါ်ဆို၍ သိရှိလိုသည်များအား မေးမြန်းစုံစမ်းနိုင်ပါကြောင်း ဆွေးနွေးဟော ပြောခဲ့ပြီး အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူ/ကျောင်းသားများ(၁၁၀)ဦးရေ တက်ရောက်ခဲ့ကာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပြီးနောက် အခမ်းအနားကို နံနက်(၁၁:၀၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်းသိရပါသည်။

DOCA(တနင်္သာရီ)