ကယားပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အွန်လိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများသုံးစွဲရာတွင် စားသုံးသူများ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် သတိပြုလိုက်နာသင့်သည့်အချက်များနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒေါ်နော်ကြူကြူ (ဒု-ဦးစီးမှူး)က စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ ဌာနမှဆောင်ရွက်နေသည့် အခြေအနေများကိုလည်းကောင်း၊ ၂၀၂၂ခုနှစ်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဆောင်ပုဒ်ကို လည်းကောင်း၊ Digital Online စနစ်ဖြင့် ဆောင်ရွက်နေသော ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ နှင့်စပ်လျဉ်း၍ စားသုံးသူ များနစ်နာဆုံးရှုံးမှုများမဖြစ်စေရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များကိုလည်းကောင်း၊ အွန်လိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ သုံးစွဲရာတွင် သတိပြု လိုက်နာသင့်သည့် အချက်များကို လည်းကောင်း၊ Online မှ ကုန်စည်( သို့ )ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် သတိပြုလိုက်နာရမည့် အချက်များကိုလည်းကောင်း ရှင်းလင်းအသိပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကယား)