မင်းပြားမြို့ တည်းခိုခန်းလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

      ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ မင်းပြားမြို့နယ်တာဝန်ခံ ဦးမောင်သန်းဝင်း    (ဒု-ဦးစီးမှူး)သည်   (၂၅-၁၀-၂၀၂၂)ရက်နေ့  နံနက်(၁၀:၀၀)နာရီအချိန်တွင် မင်းပြားမြို့နယ် အုပ်ချုပ်ရေး မှူးရုံးတွင် တည်းခိုခန်းလုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင်(၈)ဦးတို့အား ဝန်ဆောင်မှုလုပ်ငန်းနှင့် ပတ်သက်၍ စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။

        ထိုသို့ဆွေးနွေးရာတွင် မင်းပြားမြို့နယ်တာဝန်ခံ ဦးမောင်သန်းဝင်း(ဒု-ဦးစီးမှူး)က တည်းခိုခန်း လုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ကြော်ငြာထားသည့် ဝန်ဆောင်မှုများကို စားသုံးသူများထံ အပြည့်အဝပေးကြရမည်ဖြစ်ကြောင်း၊ ကြော်ငြာထားသည့်အတိုင်း ဝန်ဆောင်မှုများကို စားသုံးသူများထံ မပေးဆောင်နိုင်ပါက ၂၀၁၉ ခုနှစ် စားသုံးသူကာကွယ်ရေးဉပဒေအရ စားသုံးသူများက တိုင်ကြားလာလျှင် တည်ခိုးခန်းလုပ်ငန်းရှင်များ အနေဖြင့် တာဝန်ယူဖြေရှင်းပေးရမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဉပဒေ အခန်း(၁၃)၊ ပုဒ်မ(၂၆)ပါ စီးပွားရေးလုပ်ငန်းရှင်သည် စားသုံးသူအပေါ် ဝန်ဆောင်မှုပေးခြင်းနှင့် စပ်လျဉ်း၍ ဖော်ပြရမည့် အချက်(၅)ချက်တို့အား အသေးစိတ်ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)